Friday, 16 November 2007

စိတ်ဆိုးခြင်းနှင့် ထွေရာလေးပါး

ကျွန်မလား စိတ်ညစ်ရင် လျှောက်လုပ်တက်တယ်။ စိတ်ညစ်ရင် မုန့်စားတယ်။ တွေ့တဲ့မုန့်တွေအကုန်စားတယ်။ မရှိရင် ၀ယ်စားတယ်။ အိတ်ထဲမှာ ရှိသမျှကုန်အောင် မုန့်ဝယ်စားလိုက်တယ်။ ပေးသမျှမုန့်ဖိုးတွေကို အိမ်ကို မလိမ်ချင်လို့ အကုန်မုန့်ဝယ်စားတယ်။ သူများမုန့်စားနေတာတွေ့ရင်လဲ အရှက်မရှိတောင်းစားတက်ပါတယ်။ ကိုယ်မုန့်စားနေရင်တော့ မုန့်မကုန်မချင်း ဘယ်သူ့ကိုမှမကြည့်ဘူး။ မုန့်တောင်းစားမှဆိုးလို့။

အိမ်မှာ စိတ်ဆိုးရင် ရှိသမျှမုန့်တွေကို အကုန်စားပစ်တယ်။ အရမ်း စိတ်ဆိုးရင် ရယ်တယ်။ တ၀က်တပျက် စိတ်ဆိုးရင် စကားမပြောဘူး။ စိတ်နာသွားရင်တော့ အဲ့ဒီလူကို ပြုံးပြုံးလေးကြည့်နေလိုက်တယ်။ ခင်ရင် မုန့်ဝယ်ကြွေးခိုင်းတယ်။ မ၀ယ်ကြွေးရင် ဘလက်လစ်ထဲ သွင်းလိုက်တယ်။ အဲ ကိုယ့်ကို တစ်ခါမုန့်ဝယ်ကြွေးဖူးရင် နောက်ကို ကိုယ်ကဘဲ အမြဲမုန့်ဝယ်ကြွေးတယ်။

ကိုယ်အကူအညီတောင်း လို့မပေးရင် စိတ်မဆိုးဘူး။ သူကို ပြန်ပြီးများများ ကူညီလိုက်တယ်။ ကူညီတယ်ဆိုတာ ဘာလဲသိအောင်လို့။ သဘောတရားနားမလည်တဲ့ သူတွေနဲ့။ စိတ်ကောင်းမရှိတဲ့သူတွေကို စိတ်ကောင်းဘယ်လိုထားရသလဲ သင်မပေးတော့ သူတို့ ငရဲသွားမှ မုန့်ဟင်းခါး မကျွေးလဲ လိုက်ပို့လိုက် တော့မယ်။ ကိုယ်ကတော့ နတ်ပြည်သွားမယ်။ ဟဲဟဲ

စိတ်ပျက်ဖို့ကောင်းတဲ့သူတွေကို စိတ်ဆိုးနေပါသဖြင့် စိတ်ထဲရှိရာလျှောက်ရေးထားပါသည်။ သည်းခံပြီး ဖတ်ကြပါ။