Wednesday 28 November 2007

နေမကောင်းခြင်းနှင့် ထွေရာလေးပါး။

ကျွန်မနေမကောင်းဖြစ်ချင်နေတာ အတော်ကြာပါပြီ။ အဓိကအမှားကတော့ ရေချိုးမှားခြင်းပါ။ ညနေဘက်တွေမှာ ရေချိုးနောက်ကျရင် အမြဲဖြစ်နေကျပေမယ့်၊ ကျွန်မလည်း ဆင်ချင်ခဲပါတယ်။ ရေချိုးမှာလို့ ခန္ဓာကိုယ်က ပြင်ပအပူချိန်နဲ့ မကိုက်ခင်မှာဘဲ နောက်တရက်မှာ ညနေပိုင်းကိုဘဲ ခေါင်းလျှော်လိုက်မိပါတယ်။ ကျွန်မဆံပင်တွေက သိပ်ပြီးမထူပေမယ့် ခေါင်းလျှော်ပြီးရင်တော့ ရေခြောက်ဖို့ အတော်ကြာအောင် စောင့်ရပါတယ်။ ဘလိုရာနဲ့ မှုတ်ပေမယ့်လည်း ခေါင်းက အတော်နဲ့ မခြောက်တက်ပြန်ပါဘူး။ အနဲဆုံး ၃ နာရီလောက်ကြာပြီး၊ အများဆုံး ၅ နာရီလောက် ကြာတက်ပါတယ်။


ညနေပိုင်းခေါင်းလျှော်ပြီး နောက်နေ့ကစပြီး ခေါင်းကိုက်ပါတယ်။ အအေးမိသွားတာထင်ပါရဲ့။ ဆေးတော့သောက်ပါတယ်။ အဲ့ဒါနဲ့ တော်လေး သက်သာသွားပြန်တော့ ခေါင်းပြန်လျှော်ဖြစ်ပါတယ်။ ဟဲဟဲ ကျွန်မအဖေကတော့ ခေါင်းမကောင်းလို့ အဲ့ဒီလိုလုပ်တာပါတဲ့လေ။ :P ခါတိုင်းဆိုရင်တော့ အိမ်ကိုပြောတက် ပေမယ့် ဒီကြားထဲမှာ ဘလောဒ့်ကဆွဲနေတော့ နေမကောင်းဘူးပြောရင် ဘလောဒ့်မရေးနဲ့လို့ဘဲ ပြောမှာဆိုးလို့ နေကောင်းချင်ယောင်ဆောင်နေတာ။ အခြေအနေက အတော်ဆိုးနေပါတယ်။ ကွန်ပျူတာကို မကြည့်နိုင် လောက်တဲ့ အထိဖြစ်နေတာ။ အအေးမိရုံမက စာကြည့်တာများလို့လည်း ဖြစ်တာပါ(ကျောင်းစာများမဟုတ်ပါ)။

ကျောင်းစာဆိုရင်တော့ သိပ်ပြီး လောဘမကြီးပေမယ့် အပြင်စာဆိုရင်တော့ သဲသဲမဲမဲစိတ်ဝင်စား တက်တာကြောင့် သူများပိုစ်တွေ အသစ်တင်ပြီးဆိုရင် ပြီးအောင်ဖတ်တက်ပါတယ်။ အဆင်ပြေရင် အဟောင်းတွေပါ မွှေနှောက်ပြီးဖတ်တက်ပါတယ်။ စာဖတ်လို့မပြီးရင် စားမ၀င်၊ အိပ်မပျော် ဖြစ်နေလို့.... မြန်မာဘလောဒ့်ဂါတွေကလည်း အများသား။ တနေ့တနေ့ သူတို့ ဘလောဒ့်တွေ ကုန်အောင်မသွားနိုင်ပါဘူး။ လက်လှမ်းမှီရာ၊ ဆီဗုံးထဲ လာအော်သွားတဲ့ သူတွေဆီ၊ အလည်သွားတဲ့ အိမ်မှာတွေ့တဲ့ လိပ်စာတွေ လောက်တော့ လည်ဖြစ်ပါတယ်။ သိပ်ပြီး မများပေမယ့် တယောက်ဆီသွားခေါ်လို့ နောက်တယောက်က မြင်သွားရင် သူတို့ကို မခင်ဘူး ထင်မှာဆိုးတာနဲ့ ဖြစ်နိုင်ရင် ကိုယ်နဲ့လက်လှမ်းမှီသလောက်တော့ ဖြစ်အောင်သွား ပြီးအော်ရပါသေးတယ်။

စာကြည့်ဆိုရင်တော့ ကွန်ပျူတာက စာတွေသေးလို့ဆိုပြီး ကြည့်ချင်မှကြည့်မှာ။ အခုတော့ ဘလောဒ့် တွေကစာတွေကို မနက်(၈)နာရီကစကြည့်ပါတယ်။ လျှောက်လည်ပါတယ်။လျှောက်အော်ပါတယ်။ ထမင်းစား ချိန် ၁နာရီ လောက်တော့ နားပါတယ်။ အဲ လျှောက်လည်ချင်း၊ သူများဘလောဒ့်တွေမှာ စာဖတ်ချင်း၊ ဟိုဟိုဒီဒီ လျှောက်အော်ချင်းတွေကို ညနေ (၅) နာရီမှာ နားပါတယ်။ ဒီကြားထဲ သူငယ်ချင်းတွေနဲ့ တွေ့ရင် ဂျီတော့မှာ စကားပြောပါတယ်။ ကွန်ပျူတာစကိုင်ကတည်းက မနားတဲ့ မျက်စိ အွန်လိုင်းက ထွက်တော့လည်း တာဝန်နဲ့ ၀တ္တရားအရ ကိုရီးယား ဇာတ်လမ်းတွဲများကို ကြည့်ပြီး ဒေါသထွက်ရပါသေးတယ်။ သတင်းတွေနားထောင်းပြီး သူများမကောင်းကြောင်းပြောရပါသေးတယ်။ဒီလိုနဲ့ ကျွန်မရဲ့တနေ့တာတွေက ဟိုဟိုဒီဒီ လုပ်ရင်းကုန်ဆုံး ရပါတယ်။

ရောဂါအသဲအသန်ကြီးဖြစ်တာ မဟုတ်ပေမယ့် နောင်ကျန်းမာအောင်၊ စာတွေများများဖတ်နိုင်အောင် အကောင်းဆုံးက အနားယူရုံတင်မကဘဲ၊ စာရေးချင်း၊ လျှောက်လည်ချင်း၊မျက်စိအနားပေးချင်းများကို သူများပြောစရာမလိုဘဲ ကိုယ့်အသိစိတ်နဲ့ ခန္ဓာကိုယ်ကပြောတဲ့ စကားကို အတိအကျလိုက်နားထောင်းရင်း ဘလောဒ့်မှာ ကြေငြာချက်ထုတ်လိုက်မိပါတယ်။ ဘလောဒ့်ရေးခြင်း ခဏနားမယ်လို့၊ လျှောက်လည်တာ လည်းခဏနားမယ်လို့။

အဲဒီလိုရေးလို့ စိတ်ပူပြီး အလည်လာသတင်းမေး၊ ဆေးတိုက်ကြတဲ့ သူငယ်ချင်းများကြောင့် ရောဂါတ၀က်သက်သာသော်ငြားလည်း လုံးဝအရှင်းမပျောက်သေးတာကြောင့် တ၀က်လောက်တော့ ဘလောဒ့်ရေး၊ လျှောက်လည်ခြင်းများကို ပြုလုပ်နိုင်ပါတော့မယ်။ အပြည့်အ၀တော့ လုပ်နိုင်မယ်မထင်ပါ။ ဘာကြောင့်လဲဆိုတော့ မိုးချစ်သူက အအေးမိရင်ဂရုစိုက်ဖို့နဲ့ ထိပ်ခပ်နာမဖြစ်အောင် ဂရုစိုက်ဖို့ သူ့ဘလောဒ့်မှာ
ရေးထားတာကြောင့် ထိပ်ခပ်နာနဲ့ ခပ်ဆင်ဆင်ဖြစ်ဖူးရုံတင်မက အအေးခဏခဏမိတက်တဲ့ ကျွန်မအတွက် တော့ နောင်အရှည်ဘလောဒ့်ရေးနိုင်အောင် ကျန်းမာရေး နဲနဲဂရုစိုက် ပါဦးမယ်လို့ သူငယ်ချင်းများကို ပြောချင်ပါတယ်။

အခုတောင် ရေးရင်နဲ့ ပါးကြောတွေတင်းလာတယ် :P ။ မျက်လုံးကအာရုံစိုက်ရလို့ ထင်ပါတယ်။ ကျွန်မမှာလည်း ဒုက္ခပါ စိတ်ဝင်စားအရာ တခုခုကို အာရုံစိုက်မိပြီဆိုရင် မျက်တောင်မခက်ကြည့်တက်တဲ့ အကျင့်က ကျွန်မအတွက် အလွန်ဆိုးပါတယ်။ လူမှုရေးအရ မျက်လုံးစိမ်းနဲ့ ကြည့်တယ်လို့ အပြောခံရပြီး၊ ကျန်းမာရေးအရ မျက်ကြည်လွှာကို အောက်စီဂျင်ရရှိမှုနည်းစေလို့ ဖြစ်နိုင်ရင် ဒီအကျင့်ကိုဖျောက်ခြင်ပါတယ်။ အခုတော့..
ကျွန်မရေးးသော အစီအစဉ်မကျ၊ သတ်ပုံမှားတဲ့ ပိုစ်တွေကို စိတ်ရှည်ရှည်နဲ့ ဖတ်ကြတဲ့ သူငယ်ချင်းတွေကို
ကျေးဇူးတင်တယ်ဆိုတဲ့ စကားထက်ကောင်းတဲ့ စကားရှိရင် ပြောချင်ပါကြောင်း။
အားလုံးဘဲ ကျန်းမာပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။